ဧဒင်အချစ်ပုံပြင်: သဇင် နဲ့ မိုးဟေကို အများဆုံး အရှာခံရ

Sunday, 22 July 2012

သဇင် နဲ့ မိုးဟေကို အများဆုံး အရှာခံရ


သဇင် (ဓာတ်ပုံ - ရွှေအမြုတေ မဂ္ဂဇင်း http://shweamyutay.com)

သဇင် နဲ့ မိုးဟေကိုတို့ကို တွေ့ဖို့ ဧရာဝတီ ဘလော့ကို ရောက်လာသူ အင်မတန် များပြားနေပါတယ်။
ဒါကတော့ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဧရာဝတီ ဘလော့ကို ရောက်လာကြသူတွေ အများဆုံး ရှာဖွေကြတာ သူတို့ ၂ ယောက်ပါပဲ။
သဇင်နောက်ကို လိုက်ရင်း ရောက်လာသူက ငါးထောင်နီးပါး၊ မိုးဟေကို နောက်ကို လိုက်သူက လေးထောင် ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်၊ သက်မွန်မြင့်တို့ကို ရှာဖွေသူအင်အားလည်း မသေးပါဘူး။ တထောင်ဝန်းကျင်စီ ရှိကြပါတယ်။

တခြား စကားလုံး၊ အမည်တွေကို ရှာဖွေကြတာတွေလည်း ရှိပါတယ်။ ဂူဂဲလ်က ပြတဲ့ စာရင်းမှာတော့ အများဆုံး ရှာဖွေကြတဲ့ စကားလုံး အမည် ၁၀ ခုကိုပဲ တွေ့ရပါတယ်။

မိုးဟေကို (ဓာတ်ပုံ- Fashion Euphoria)


ပြီးခဲ့တဲ့ သင်္ကြန်မှာ မျက်လုံးကို လုံလုံခြုံခြုံ ကာရံထားတဲ့ သင်ဇာဝင့်ကျော်

သက်မွန်မြင့်

ဒါကတော့ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဧရာဝတီ ဘလော့ကို ရောက်လာကြသူတွေ အများဆုံး ရှာဖွေကြတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကို ၃ မျိုး မြင်နေရတာက ရှာဖွေသူတွေရဲ့ စာစီစာရိုက် မတူညီချက်ကြောင့်ပါ။ ၀င့် မှာ တချို့က အောက်ကမြင့်ကို အရင် ရိုက်ပါတယ်။ ပြီးတော့ ဇော်ဂျီဝမ်း အဟောင်းအသစ်ကြောင့် ၀လုံးက ၂ မျိုးဖြစ်နေပါတယ်။ ဒီတော့ သင်ဇာဝင့်ကျော်က စာလုံးပေါင်း ၃ မျိုး ဖြစ်သွားတာလို့ ယူဆရပါတယ်။

4 comments:

  1. ဒီအလုပ်ပဲရှိလို့နေမှာပေါ့ကွယ်..

    ReplyDelete
  2. စံပယ်ချိုတော့နားအေးရော
    ဘယ်သူမှ ရှာဘူးလေ

    ReplyDelete
  3. ကျွန်တော့်ကိုကျတော့ဘာလို့လာမရှာကြတာလဲမသိဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...