ဧဒင်အချစ်ပုံပြင်: မရိုက်ပါတော့နဲ့ ...အဖေရယ်တဲ့..

Tuesday 18 December 2012

မရိုက်ပါတော့နဲ့ ...အဖေရယ်တဲ့..

ယခုလို ခေတ်ကြီးထဲမှာ ဒီလိုမျိုး ရက်စက်ပြီး အဖေစိတ်ဓါတ်မရှိတဲ့ လူမျိုး တစ်ကယ်ရှိပါ့မလားဆိုတာ ကတော့ တစ်ကယ်ကို ပြောဖို့ ခက်ပါလိမ့်မယ်..။

အခုလက်ရှိအချိန်မှာတော့ ကလေးတွေကို လူငယ်ပြုစုပျိုးထောင်ရေးစခန်းကိုပို့ထားပြီး၊ အဖေဖြစ်သူကတော့ ရဲစခန်းမှာ အချုပ်ခံထားရပါတယ်..၊ ဒါပေမယ့် ဒီကိစ္စမျိုး ပြန်မဖြစ်လာဘူးလို့ ဘယ်သူက အာမခံနိုင်ပါသလဲ..?
ကလေးနှစ်ယောက်နေတာက ဒီတံခါးရဲ့အနောက်မှာပါ..၊

သူတို့ဘ၀တွေက အတော့်ကို ဆိုးရှာပါတယ်..၊ တစ်ကိုယ်လုံး ဒဏ်ရာတွေ အမာရွတ်တွေနဲ့ ပြည့်နှက်နေပြီး အတော့်ကို ဆိုးဝါးလှတဲ့ ဘ၀ကို ဖြတ်သန်းနေရပါတယ်..၊ သူတို့အတွက်တော့ သူတို့အဖေဟာ အားကိုးစရာမဟုတ်ပဲ နတ်ဆိုး တစ်ကောင် ဖြစ်လို့နေခဲ့ပါတယ်.
ကျွန်တော် သူတို့ရဲ့ သွေးတွေပေပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားချက်တွေရှိနေတဲ့ မျက်နှာတွေ ကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး..။


ကလေးဘ၀ဆို သန့်ရှင်းစင်ကြယ်ပြီး လွတ်လပ်ပါတယ်..၊ ကလေးဘ၀ဆိုတာ ပျော်ရွင်မှုတွေ၊ ကစားမှု၊ ဂရုစိုက်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ပဲ ပြည့်နေသင့်ပါတယ်..၊ ဒါပေမယ့် ဒီ ၅ နှစ် အရွယ် ကလေးရဲ့ ကလေးဘ၀ကတော့ မလှပရှာပါဘူး..၊ နေ့တိုင်းကြုံတွေ့နေရတာကော့..၊ သူ့အဖေရဲ့ ရိုက်နှက်နှိပ်စက်မှု၊ ဆာလောင်မှု တွေပဲဖြစ်ပါတယ်..
ကျွန်တော် အခန်းကိုဖောက်ဝင်လိုက်တဲ့အခါ..ဒါဟာ အိမ်တစ်လုံးလား ငရဲခန်းတစ်ခုလားဆိုတာကို ကိုယ့်မျက်စိတောင်ကိုယ်မယုံနိုင်ပါဘူး..၊ သွေးတွေက နေရာတိုင်းမှာပါ..၊ တစ်ချို့က လတ်ဆတ်ပြီး တစ်ချို့သွေးတွေကတော့ ခြောက်သွေ့နေပါတယ်..။

ကလေးဟာ အကြိမ်များစွာ အရိုက်ခံထားရတဲ့အတွက် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေ ပါတယ်..၊ အနာဟောင်းနဲ့ အနာသစ်တွေက ရောထွေးလျက်ပေါ့..

ကလေးရဲ့ ခြေချောင်းလေးကိုတော့ သူ့အဖေက အပ်နဲ့ ကတ်ကြေးတွေသုံးပြီး ဖြတ်ထားပါတယ်..၊ ဒါကိုကြည့်ပြီး ကျွန်တော် ဘာမှမလုပ်နိုင်ပဲ ငိုမိပါတော့တယ်..ဘာကြောင့်လဲ? ဘာကြောင့်လဲ ? ဘာကြောင့် ဒီလောက် ကြောက်စရာကောင်းတဲ့ အရာတွေလောကမှာ ရှိနေရတာလဲ? 

ဒါဟာ အိမ်လား ငရဲခန်းလား..? ကလေးရဲ့သွေးတွေကတော့ တစ်အိမ်လုံးကို ပျံ့ကြဲနေပါတယ်..
ဒီဒဏ်ရာတွေဟာ ဒီနေ့မှ ရိုက်ခံရလို့ ရရှိထားတဲ့ဒဏ်ရာတွေပေါ့…၊ 


ခေါင်းမှာ ကြီးမှားတဲ့ ဒဏ်ရာတစ်ခုရှိနေပြန်ပါတယ်..။
ဒါကတော့ ကလေးတွေကို ရိုက်နေကျ တံမြက်စည်းဖြစ်ပါတယ်..၊ တံမြက်စည်းကတော့ ကျိုးနေပြီး သွေးတွေကတော့ ပျံ့ကြဲနေပါတယ်..။


ကလေးရဲ့ အစ်မဖြစ်သူမျက်နှာမှာလည်း ဒဏ်ရာတွေ ပြည့်နှက်လို့နေပါတယ်..။
သူကတော့ ကလေးရဲ့အဖေ Yang Quansheng ဖြစ်ပါတယ်.။ သူက Jiangxi ကပါ.. သူကဒီကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ..၊ ဆေးသုတ်တဲ့ အလုပ်ကိုလုပ်ပါတယ်.. 



ကလေးတွေရဲ့ အမေက တော့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သူ့ရဲ့ ရိုက်နှက်မှုတွေကို မခံနိုင်လို့ မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်..
ကျွန်တော်သူ့ကိုမေးပါတယ်..၊ ကလေးတွေကို ဒီလိုရိုက်လာတာ ဘယ်လောက်ကြာပြီလဲ ဆိုတော့ သုံးနှစ်လောက်ရှိပါပြီတဲ့… ဒီသုံးနှစ်အတွင်း မကြာခဏရိုက်သလားဆိုတော့ နေ့တိုင်းနီးပါးကို ရိုက်ပါတယ်တဲ့လေ.. ဘာလို့ရိုက်ရတာလဲဆိုတော့ သူ့ကလေးတွေကို သူချစ်လို့ ရိုက်ရတာပါတဲ့..
ကလေးတွေကို ဆေးရုံကို ပို့ခဲ့ပါတယ်..။
ဆရာဝန်က ကလေးကို စမ်းသပ်မှုတွေ ပြုလုပ်ပါတယ်..


ကလေးရဲ့ အ၀တ်အစားတွေ ဖယ်လိုက်ပြီး အနာတွေ၊ ဓါးရာတွေ၊ အပ်ရာ၊ ကတ်ကြေးရာတွေကို သူနာပြုတွေက ဆေးထည့်ပေးပါတယ်..၊ ဆရာဝန်တွေရော သူနာပြုတွေရဲ့ မျက်ဝန်းတွေမှာ မျက်ရည် တွေ တွဲခိုလို့နေပါတယ်..။




ကလေးရဲ့အနာကို ချုပ်တဲ့အခါမှာ ဘာထုံဆေးမှ မထိုးပဲ အစိမ်းချုပ်တာပါ..။ ဒါပေမယ့် ကလေးက ထင်တာထက်တောင် ပိုသန်မာပါတယ်..၊ မျက်ရည်တစ်စက်မကျ..၊ ညည်းငြူသံ တစ်ချက် မကြားခဲ့ ရပါဘူး..




ကလေးရဲ့ အပြူအမူတွေနဲ့ ခံနိုင်ရည်တွေက ဆေးရုံက ၀န်ထမ်းတွေအားလုံးကို တုန်လှုပ်စေခဲ့ပါတယ်..၊ ကူညီတတ်တဲ့ အဒေါ် တစ်ယောက်က ကလေးတွေကို အ၀တ်အစားတွေ ၀တ်ပေးခဲ့ပြီး ကလေးတွေကို ပေါင်မုန့်နဲ့ နွားနို့ ကျွေးမွေးခဲ့ပါတယ်..၊ 

အဖွားဖြစ်သူက "ဒီကလေးဟာ အခုမှ ငါးနှစ်ပဲရှိပါသေးတယ်..၊ ဒါပေမယ့် အခက်အခဲမျိုးစုံကို ကြုံခဲ့ရပါပြီ..၊ သူ့အနာကို ထုံဆေး မပေးပဲ ချုပ်တာကို မျက်ရည်တစ်စက်မကျခဲ့ပါဘူး..၊ ဒါပေမယ့် ဒီကလေးမှာ ဘယ်လိုလူမျိုးက အဖေ အဖြစ်ရှိနေခဲ့ရတာလဲ..၊ ကလေးရဲ့ဘ၀ဟာ ခွေးတစ်ကောင်ရဲ့ ဘ၀ထက်တောင် ဆိုးဝါးခဲ့ပါတယ်.." လို့ ငိုယိုပြီး ပြောခဲ့ပါတယ်..။
ငါးမိနစ်အတွင်းမှာ ပေါင်မုန့်ကြီးတစ်ထုပ်လုံး ကုန်သွားခဲ့ပါတယ်..၊ အစ်မဖြစ်သူက သူတို့ ဒီနှစ်ရက်အတွင်း ဘာမှ မစားရသေးဘူးလို့ ကျွန်တော့်ကို ပြောပြပါတယ်..၊ ဒီပေါင်မုန့်ကိုလည်း အရင်က မစားဖူးကြောင်းနှင့် အရမ်း အရသာ ရှိကြောင်း ပြောပြခဲ့ပါတယ်..၊ နောက်ပိုင်းမှ ကျွန်တော်သိရတာက ဒီကလေးတွေဟာ ခေါက်ဆွဲမှ လွဲပြီး တစ်ခြား ဘာကိုမှ သိပ်မစားဘူးကြောင်း သိခဲ့ရပါတယ်..




from-အောင်ထွန်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...