ဧဒင်အချစ်ပုံပြင်: အာရှတိုက်၏ အလင်းလက်ဆုံး ဂီတကြယ်ပွင့်များ ဖြစ်သည့် Psy နှင့် Super Junior အဖွဲ

Monday 21 January 2013

အာရှတိုက်၏ အလင်းလက်ဆုံး ဂီတကြယ်ပွင့်များ ဖြစ်သည့် Psy နှင့် Super Junior အဖွဲ

တောင်ကိုရီးယား နိုင်ငံမှ နိုင်ငံကျော် K-pop အဆိုတော်များသည် (၂၇) ကြိမ်မြောက် "Golden Disk Awards" ဆုပေးပွဲကို တက်ရောက်ရန် မလေး ရှားနိုင်ငံ ကွာလာလမ်ပူ မြိုသို့ စုဝေးရောက်ရှိ လာခဲ့ကြသည်။ အဆိုပါ ဆုပေးပွဲတွင် uper Junior အဖွဲ့နှင့် ကမ္ဘာကျော် ဂမ်းနမ်စတိုင် တေးသီချင်း အဆိုရှင်
Psy တို့က ဆုများကို ဆွတ်ခူး သွားခဲ့သည်။
The Golden Disk Awards ဆုပေးပွဲကို ၁၉၈၆ ခုနှစ် ကိုရီးယား ဂရမ်မီ ဆုပေးပွဲ  စတင် ကျင်းပစဉ် ကတည်း က   ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ ယင်း ဆုပေးပွဲတွင် Super Junior အဖွဲ့၏ ခြောက်ခုမြောက် "Sexy Free & Single" တေး အယ်လ်ဘမ်သည်  ၂ဝ၁၂ ခုနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။ Super Junior အဖွဲ့၏  "Golden  Disk Awards" ဆုေ ပးပွဲတွင် ရရှိခဲ့သော ဆုမှာ ယင်းအဖွဲ့ အတွက် တတိယ အကြိမ်မြောက် ဆွတ်ခူး ခဲ့သော ဆုဖြစ်သည်။ Super Junior အဖွဲ့သည် ပြီးခဲ့သည့် နှစ်ကလည်း "Mr.Simple" တေး အယ်လ်ဘမ်ဖြင့် လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်တွင် "Sorry Sorry" တေးအယ်လ်ဘမ်ဖြင့် လည်းကောင်း ယင်း ဆုကိုပင် ရရှိခဲ့ ဖူး သည်။ ထို့အပြင် ပရိသတ်များ ရွေးချယ် မဲပေးခဲ့သော MSN Southeast Asian Award ဆုကိုလည်း Super Junior အဖွဲ့က သိမ်းပိုက် သွားနိုင်ခဲ့သည်။ "Gangnam Style" တေးသီချင်းဖြင့် You Tube ဝက်ဘ်ဆိုက်တွင် လူကြိုက် အများဆုံး စံချိန် ချိုးနိုင်ခဲ့သည့် အဆိုတော် Psy သည် ထိပ်တန်း "Golden Disk Awards" ဆုများကို ဆွတ်ခူး နိုင်ခဲ့သည်။  ယင်းဆုသည် Psy ၏ ၁ဝ နှစ်တာ ဂီတ သက်တမ်းတွင် ပထမဆုံး ဖြစ်သည်။ K-pop ဂီတ အနုပညာရှင်များ ဖြစ်ကြသည့် 4 minute, B1A4, B2ST, CNBlue, F.T.Island, Infinite, Kara နှင့် SHINee အဖွဲ့တို့ကလည်း "Golden Disk Awards" ဆုများကို အသီးသီး ဆွတ်ခူးရရှိ ခဲ့ကြသည်။ တေးဂီတ အဖွဲ့များ ဖြစ်ကြသော Exo-K and B.A.P အဆိုတော် လီဟီ၊ Ailee ဂျူနီယလ် တို့ကလည်း  New Artist Awards ဆု များကို ဆွတ်ခူး ရရှိ ခဲ့ကြသည်။ ထို့အပြင် နှစ်စဉ် ကျင်းပမြဲဖြစ်သော Mnet Asian Music Awards ဆုပေးပွဲကို ဇန်နဝါရီ ၁၈ ရက်က ဟောင် ကောင်တွင် ကျင်းပခဲ့ရာ ဆုတံဆိပ် များစွာကို ဆွတ်ခူးသွားခဲ့ သူမှာ ဂမ်းနမ်စတိုင် အဆိုရှင် Psy ပင်ဖြစ်သည်။  အလားတူပင် Mnet Asian Music Awards ဆုပေးပွဲတွင် ဆုများကို ဆွတ်ခူး ရရှိခဲ့သူ အာရှတိုက်သား အနု ပညာရှင် များမှာ ဂျက်ကီချန်း၊ မင်းသမီးချော ဟန်ဂါအင်နှင့် Super Junior အဖွဲ့တို့ ဖြစ်သည်။ ဆုများစွာကို သိမ်းပိုက် ခဲ့သည့် Psy နှင့် Super Junior အဖွဲ့တို့သည် အာရှတိုက်၏ အလင်းလက်ဆုံး ကြယ်ပွင့်များ ဟုပင် တင်စား ရလောက်အောင် ကမ္ဘာကို ထိုးဖောက် နိုင်ခဲ့သည့် အနုပညာရှင်များ ဖြစ်ကြောင်း ရေးသားဖော်ပြ လိုက် ရပါသည်။   ။
 
by- .mwdmedia

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...