ဧဒင်အချစ်ပုံပြင်: မြန်မာများ facebook စာမျက်နှာမလေးရှားရဲမှ နိုင်ငံခြားသားလုပ်သမားကိုရိုက်သော ဗွီဒီယို ဆက်စပ်သတင်း

Tuesday 17 December 2013

မြန်မာများ facebook စာမျက်နှာမလေးရှားရဲမှ နိုင်ငံခြားသားလုပ်သမားကိုရိုက်သော ဗွီဒီယို ဆက်စပ်သတင်း

Photo: မလေးရှားရဲမှ နိုင်ငံခြားသားလုပ်သမားကိုရိုက်သော ဗွီဒီယို ဆက်စပ်သတင်း 
***************************************************

မလေးရှား (၁၇.၁၂.၂၀၁၃)

ပြီးခဲ့သည့် ၁၅.၁၂.၂၀၁၃ က facebook လူမှု့ကွန်ယက်ရှိ မလေးအစိုးရအတိုက်ခံ စာမျက်နှာတစ်ဖြစ်သော 爱之家~Intimate love~亲密爱人(တရုတ်ဘာသာ) စာမျက်နှာ မှ Bayan Baru area တွင် မလေးရှားရဲတစ်ဦး မှ နိုင်ငံခြားသား အလုပ်သမား ၃ ဦး အား လမ်းလယ်ခေါင်တွင် ရိုက်နှက်စစ်ဆေးမှု ပြုလုပ်နေသာ ဖုန်းဖြင့်ရိုကူးထားသည့် ဗွီဒီယို ဖိုင်တစ်ခု ကို တင်ဆက်ပြီး မလေးရှားရဲတစ်ဦး၏ မှားယွင်းသော လုပ်ရန်ကို ဝေဖန်သွားခဲ့သည် ။

ထိုဗွီဒီိယို ဖိုင် တက်ပြီး မကြာခင်တွင် မြန်မာနိုင်ငံသားများ facebook စာမျက်နှာတွင် မြန်မာအလုပ်သမားများ ကို တရိစ္ဆာန်လို ရိုက်နှက်နေသည်ဆိုသော ခေါင်းစဉ်ဖြင့် ဗွီဒိယိုဖိုင် ပျံပွားသွားခဲ့သည် ။

မလေးရှားရောက် မြန်မာများ စာမျက်နှာ အနေဖြင့် ထို ဗွီဒီယိုဖိုင်တင်သော ရက်မှစတင်ကာ မည်သည့် နိုင်ငံသားအား ရိုက်သည် ၊ မည်သည့် နေရာမှ ရဲဖြစ်သည် ၊ မည်သို့အတွက်ကြောင့် ရိုက်သည်ဆိုသော အချက်လက်များကို စတင်စုဆောင်းခဲ့ကြသည် ။

ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာမှ အောက်ပါအတိုင်း သိရှိရပြီး သိရှိထားသမျှကို ကျွန်တော်တို့ အတတ်နိုင်ဆုံးတင်ဆက်ပေးရသည် ။

မဟုတ်ပါက မလေးရှားရောက် မြန်မာများသာမက မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားများအားလုံး ပါ ဒေါသအလျှောက် မှားယွင်းစွာ လက်ခံဆုံးဖြတ်ပြီး မြန်မာနိုင်ငံသားများ အား တရိစ္ဆာန် အဖြစ်ခိုင်နှိုင်းခံရမည်ကို မလိုလားပါ ။

အောက်ပါ အချက်လက်များသည်ကျွန်တော်တို့ နိုင်ငံသားများအား အကူညီတောင်းကာ ရရှိထားသော အချက်လက်များဖြစ်သည် ။ မှားယွင်းမှု့ တစ်စုံတစ်ခု ရှိပါက ကျွန်တော်တို့အား ဝေဖန်အကြံပြုနိုင်သည် ။

၁ ၊ အဆိုပါ ဗွီဒီယိုဖိုင်သည် ပီနန်း ကျွန်း ရှိ Bayan Baru area မှ လမ်းတစ်လမ်းအတွင်း ဖြစ်ပွားခဲ့သော ကိစ္စ ဖြစ်ပြီး မည်သည့်နိုင်ငံသား အား မည်သည့်ရဲ မှ ရိုက်သည် ဖြစ်ကြောင်းကို တိတိကျကျ ကျွန်ေ

တ်ာတို့ မသုံးသပ်နိုင်ပါ ။ မြန်မာနိုင်ငံသားဖြစ်ပါက နီးစပ်ရာ မြန်မာအဖွဲ့စည်းများထံတွင် အကူညီတောင်းကာ အဆိုပါ ကိစ္စအား အသိပေးတိုင်ကြားရန် ကျွန်တော်တို့ အကြံပြုသည် ။

၂ ၊ ရိုက်သောရဲ သည် ဆိုင်ကယ်ဖြင့် အတင်းရောက်ရှိလာပြီး ဆိုင်ကယ်အားရပ်ကာ ဦးထုတ်အား ဒေါသတကြီး လွတ်ပစ်သည် ၊ ပြီးနောက် အော်သည် ။ ထို အခြင်းအရာသည် သာမာန် စုံစမ်း ရန် ခေါ်သည့်  အနေအထားမဖြစ်နိုင်ကြောင်း သိသာသည် ။ 

၃ ၊ ရဲမှအော်သာ စကားများတွင် မင်းတို့မိုက်ရိုင်းတာလား ဘာသဘောလဲ ဆိုသည့် စကားများပါသည်  ။ ထိုအရာများကို ကြည့်ခြင်းဖြင့် ထိုအစစ်ခံရသူများ နှင့် အဆိုပါရဲကြားတွင် အကြောင်းတစ်စုံတရာ ဖြစ်ခဲ့ပုံရသည် ။ 

၎ ၊ မနေ့ (၁၆.၁၂.၂၀၁၃) Thestar သတင်းဌာနမှ ထိုဗွီဒီယို ဖိုင်အတွက် သတင်းထုတ်ပြန်သော သတင်း မှာ အောက်ပါအတိုင်းဖြစ်သည် ။

GEORGE TOWN: A video clip showing a policeman who roughed up two men by the roadside has made its way to Facebook.

The incident was said to have taken place in the Bayan Baru area.

In the clip, the policeman could be seen shouting and slapping one of them.

He then asked for personal documents from the two men said to be foreigners.

When  contacted, Penang police chief Senior Deputy Comm Datuk Abdul Rahim Hanafi said the policeman had since been transferred to another department pending investigation.

SDCP Rahim said the man was attached to the Bayan Baru police station before his immediate transfer to the operation centre of Balik Pulau district police headquarters.

ထိုသတင်းအား ဘာသာပြန်မည်ဆိုက အဆိုပါရဲအား စုံစမ်းရန် သက်ဆိုင်ရာ ဌာနသို့ လွဲပြောင်းပေးထားပြီးဖြစ်ကြောင်း ၊ SDCP ကမူ အဆိုပါရဲအား အမှုတွဲဖြင့် BALIK ကျွန်ရှိ ရဲဌာနချုပ်သို့ လွဲပြောင်းပေးထားပြီဖြစ်ကြောင်း သိရသည် ။

၅ ၊ အဆိုပါ သတင်းတင်ရာ စာမျက်နှာဖြစ်သော တရုတ်လူမျိုးများ ရေးသားသည့် စာမျက်နှာတွင် မိုက်ရီုင်းသော ရဲ ဟု ပြောဆိုနေကြပြီး အဆိုပါ အပြောအဆိုအတွက် မလေးများမှ တရုတ်များအား ပြန်လည်ခြေပမှု့များ ရှိနေကြောင်းကို တွေ့ရသည် ။

အဆိုပါအချက်အလက်များသည် မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ သိရှိ ထားသော အချက်လက်များ ဖြစ်ပြီး ထိုရဲအား လွဲပြောင်းစစ်ဆေးနေကြောင်းကို သိရသည် ။

ကျွန်တော်တို့ အမှန်ကို စုံစမ်းနေဆဲကာလဖြစ်ပြီး မလေးရှားရောက် မြန်မာများအား စိတ်သောကရောက် ဒေါသထွက်နေမည်ကို မလိုလားပါ ။

မလေးရှားရောက် မြန်မာများ အနေဖြင့် မည်သည့် မတရားမှု့မဆို ရှိလာပါက ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာတွင် စာရေးသား၍ ဖြစ်စေ ၊ 

မြန်မာအလုပ်သမားရေးရာ တာဝန်ခံ 
ှုဦးစိုးဝင်း 
မြန်မာသံရုံး 
ဖုန်း - ၀၁၀၂၅၉၇၇၅၀ 

သို့ဖုန်းဆက်အကြောင်းကြား၍ ဖြစ်စေ တရားဝင်တိုင်ကြားနိုင်သည် ။

မလေးရှားရောက်မြန်မာများ စာမျက်နှာသည် မြန်မာနိုင်ငံသားများအတွက် မှန်ကန်သော အချက်အလက်များကို ပေးနိုင်ရန် အထောက်များ အားလုံး သေချာမှန်ကန်မှသာ တင်ဆက်လေ့ရှိသည် ။ သိရှိသင့်သော အကြောင်းအရာရှိလာပါက အထောက်အထားခိုင်လုံစွာ ဆက်လက်တင်ဆက်ပေးပါမည် ။ 

မလေးရှားရောက် မြန်မာများ facebook စာမျက်နှာ
www.facebook.com/mmrinmy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...